Events
Malaysia Gold & Jewellery Trade Exhibition (MGJTE) 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-02-24 14:03:20
မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်ရှိ SPICE Convention Center ၌ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Malaysia Gold & Jewellery Trade Exhibition (MGJTE) 2025 သို့ မြန်မာနိုင်ငံရှိ ရွှေနှင့်ကျောက်မျက်အဖွဲ့အစည်းများနှင့် ရွှေကုန်သည်ကြီးများအသင်းတို့မှ စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်နိုင်ပါကြောင်း သိရှိရသည်။
အဆိုပါ ရွှေအရောင်းပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသူများအနေဖြင့် ၁၅-၂-၂၀၂၅ ရက်အမီ စာရင်းပေးသွင်းမည်ဆိုပါက ပြခန်းငှားရမ်းခ၏ ၁၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။ ပြပွဲအတွင်း ရွှေဝယ်ယူမည့်ဧည့်သည်များ (သို့မဟုတ်) ကုမ္ပဏီများ၏ ကိုယ်စားလှယ်များအနေဖြင့် ကြယ်ငါးပွင့်ဟိုတယ်တွင် ၂ ညတာ တည်းခိုခွင့် ရရှိမည် ဖြစ်ပါသည်။
အထက်ပါ Malaysia Gold & Jewellery Trade Exhibition (MGJTE) 2025 ပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက Email: [email protected] နှင့် ဖုန်းနံပါတ် +၆၀၁၁ ၅၅၅၁ ၁၉၁၆ သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်း ရရှိသည်။
More Events
(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
Date: 17-9-2025 to 21-9-2025
ဘူဆန်နိုင်ငံတကာပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲ - ၂၀၂၅ ကျင်းပမည်
Date: 5th to 7th November, 2025